Switch Mode
Website ပြုပြင်မှုလေးလုပ်နေပါသည်
ချစ်ခြင်းအတွက်စည်းမျဥ်း ၁၀၀
Bookmark

ချစ်ခြင်းအတွက်စည်းမျဥ်း ၁၀၀

Status: Completed Country: Type: Short Drama Episodes: 23

Synopsis ချစ်ခြင်းအတွက်စည်းမျဥ်း ၁၀၀

.အမဖြစ်သူမနာလိုမှုကြောင့် ဆေးခတ်ခံရတဲ့ ကောင်မလေးက သူဌေးတစ်ယောက်နဲ့ ငြိစွန်းမိခဲ့တယ် ဒါပေမယ့် သူဌေးရော ကောင်မလေးရောက တစ်ယောက်နဲ့တစ်ယောက် မမှတ်မိခဲ့ကြဘဲ ကောင်မလေးက ဖခင်ရဲ့ အမွေဖြတ်စွန့်လွှတ်ခြင်းကို ခံရတဲ့အပြင် ကလေးသုံးယောက်ကိုလည်း ကိုယ့်အားကိုကိုးပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ် အငယ်ဆုံးသားလေးက မွေးရာပါ ရှားပါးရောဂါရှိတော့ အဲ့အတွက် ပိုက်ဆံရှာဖို ကလေးတွေကလည်း သူတိုအမေကို ဝိုင်းကူပေးကြတယ် သူဌေးက သူနဲ့မှားခဲ့မိတဲ့ကောင်မလေးကို နှစ်ပေါင်းများစွာကြာအောင်ပြန်ရှာနေခဲ့တယ်
တစ်နေ့မှာ သူတို နှစ်ယောက်ပြန်ဆုံကြပေမယ့် အချင်းချင်းမမှတ်မိဘဲ သူဌေးလေးက မတော်တဆအတိတ်မေ့သွားလို ကောင်မလေးကို အိမ်မှာခေါ်ပြီး ပြုစုပေးရာက ကလေးသုံးယောက်က အဖေကအရမ်းဆိုးပြီး အမေကနှင်ထုတ်ထားတာလိုပြောကာ မိသားစုပုံစံဟန်ဆောင်နေခဲ့ရာမှ သံယောဇဉ်တွယ်ပြီ ချစ်မိသွားကြတယ် ဒါပေမယ့် သူဌေးက အတိတ်ကိုပြန်မှတ်မိလာတော့ ကောင်မလေးနဲ့ ကလေးတွေကို မမှတ်မိတော့ဘဲ ကုမ္ပဏီကို ပြန်သွားကာ လွန်ခဲ့တဲ့နှစ်တွေက ကောင်မလေးကို ပြန်ရှာခဲ့ပြန်တယ် အဖွားက လက်ထပ်ဖို တိုက်တွန်းပေမယ့်လည်း ငြင်းဆန်နေခဲ့တယ်
ဒါကို အမဖြစ်သူကသိတော့ သူဌေးရှာနေတဲ့ကောင်မလေးက သူပါဆိုပြီး သူဌေးနဲ့လက်ထပ်ပြီး ပိုင်ဆိုင်မှုတွေ အရယူနိုင်ဖို ကြိုးစားခဲ့တယ်
အဖွားက လာလည်ရင်း အမဖြစ်သူရဲ့အကျင့်စရိုက်ကို မကြိုက်တဲ့အပြင် သူဌေးဆီမှာ အသီးခြံကို မဖျက်ဆီးဖို အိမ်အကူလာလုပ်ပေးနေတဲ့ ကောင်မလေးနဲ့ ကလေးသုံးယောက်ကို အဖွားက သဘောကျသွားပြီး အမဖြစ်သူကိုလည်း နှင်ထုတ်လိုက်တယ်
အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်ဖြတ်ပြီး နောက်ဆုံးမှာ ဟိုးနှစ်‌‌တွေအကြာက သူနဲ့အတူရှိခဲ့တဲ့ကောင်မလေးက သူမဖြစ်နေပြီး ကလေးသုံးယောက်က သူ့ကလေးအရင်းတွေမှန်းသိသွားတော့ အရမ်းပျော်သွားကြပြီး တစ်သက်လုံး ပျော်ရွှင်စွာ အတူနေသွားကြပါတယ်

Watch ချစ်ခြင်းအတွက်စည်းမျဥ်း ၁၀၀

Comment

Leave a Reply

Your email address will not be published. Required fields are marked *