ပြင်သစ်စာဖိုမှူးတစ်ယောက်ဖြစ်တဲ့ ယွန်းဂျီယောင်း ဟာ အမြဲတက်ကြွပြီး ထက်မြတ်တဲ့ ဒီနေ့ခေတ်နဲ့ မိန်းမလှလေးတစ်ယောက်ပါ.. ဟင်းလျာတွေ ချက်ပြုတ်ရာမှာ သူမရဲ့ စိတ်ခံစားမှုနဲ့ ပေါင်းစပ်ပြီး ဆန်းသစ်တဲ့ ဟင်းလျာတွေကို တီထွင်ဖန်တီးတတ်သူတစ်ယောက်ပါ….
ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့
ဆန်းသစ်တဲ့ ဟင်းလျာတွေကို ဖန်တီးချက်ပြုတ်ပြရမယ့် LA POLE D’OR ဟင်းချက်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရကာ ကြယ်သုံးပွင့်ရ မီရှယ်လင်စာဖိုမှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်
တစ်နေ့မှာ ကိုရီးယားအပြန် Solar Eclipse (နေကြတ်ခြင်း)နဲ့ ကြုံတွေ့ရပြီး
ဂျိုဆွန်းခေတ်ကို ရောက်သွားပါတော့တယ်
ဂျိုဆွန်းသမိုင်းမှာ ဘုရင်ယွန်းဟွီဂွန်း ကတော့ ဆိုးသွမ်းပြီး အာဏာကိုင်စွဲတဲ့ဘုရင်တစ်ပါးအဖြစ်ကျော်ကြားသူပါ။ အစားအသောက်နဲ့ပတ်သတ်ရင် အထိမခံတတ်တဲ့သူဖြစ်ပြီး သူ့မှာ ထူခြားတဲ့ အရသာခံနိုင်စွမ်းကို ပိုင်ဆိုင်ထားပါတယ်
အကြောင်းဖန်လာပြီး ယွန်းဂျီယောင်း တည်ခင်းတဲ့ ဟင်းလျာကို မြည်းစမ်းခွင့်ရရာမှ သူမရဲ့ ထူးကဲတဲ့ဟင်းချက်လက်ရာကို စွဲလမ်းပြီး နန်းတော်ကို ခေါ်ဆောင်ကာ စားဖိုဆောင်ရဲ့တော်ဝင်စားဖိုမှူးချုပ်ခန့်အပ်လိုက်ပါတော့တယ်
အချိန်ခရီးသွားပြီး ဂျိုဆွန်းခေတ်ကို ရောက်လာတဲ့ ဂျီယောင်းတစ်ယောက် ဘုရင့်ဟင်းပွဲ ဖန်တီးပေးရင်း သူမရဲ့ နေရာအနာဂတ်၂၀၂၅ကို ပြန်ရောက်နိုင်ပါ့မလား…နန်းတွင်းစားဖိုဆောင်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ..
ရှင်ဘုရင်နဲ့စားဖိုမှူးမလေးတို့ရဲ့ ဘုနဲ့ဘောက် ဇာတ်လမ်းလေးက ကြည့်ရှုသူတွေကို အကြိုက်တွေ့စေမှာ သေချာပါတယ်။