Switch Mode
Website ပြုပြင်မှုလေးလုပ်နေပါသည်
ချစ်ခြင်းနဲ့လျှို့ဝှက်ချက်
Rating 9
Bookmark

ချစ်ခြင်းနဲ့လျှို့ဝှက်ချက်

Love of Secret
Status: Completed Country: Type: Short Drama Episodes: 36

Synopsis ချစ်ခြင်းနဲ့လျှို့ဝှက်ချက်

ရိုးသားဖြူစင်ပြီး ကြင်နာတက်တဲ့ ရှရှူးယင်းဟာ ငယ်ငယ်ကတည်းက တစ်မိသားစုလုံး အနိုင်ကျင့်တာခံခဲ့ရပါတယ်။
ဒါပေမဲ့ သူ့အမြွှာအစ်မဖြစ်သူ ရှရှူးယာကတော့ အလိုလိုက်ခံရပြီး အကောင်းဆုံးဆိုတာတွေကိုမှရခဲ့ပါတယ်။ အစ်မဖြစ်သူကတော့ ပညာတွေစုံလို့ ပြည်တွင်းက အကြီးဆုံးလုအဖွဲ့အစည်းကုမ္ပဏီမှာ ဒါရိုက်တာလုရွှင်ကျိုးရဲ့ အတွင်းရေးမှူး ဝင်လုပ်နေပေမဲ့
ညီမဖြစ်သူကတော့ ကျောင်းစရိတ်တောင်ကိုယ့်ဘာသာကိုယ်ရှာပြီး ကျောင်းတက်နေရတုန်းပါ။
တစ်နေ့မှာတော့ ရှူးယာက ပြဿနာတစ်ခုဖြစ်ပြီး ဆေးရုံမှာကိုမာဝင်နေတာကြောင့်
အမေဖြစ်သူက ရှူးယင်းကို အစ်မဖြစ်သူရဲ့ အလုပ်ကို ဝင်လုပ်ခိုင်းခဲ့ပါတယ်။
တစ်ဖက်မှာလည်း လုရွှင်ကျိုးကို အိမ်ထောင်ပြုဖို့ ဖိအားတွေပေးလာတဲ့အတွက်ကြောင့်
ရွှင်ကျိုးက သူ့အတွင်းရေးမှူးဖြစ်သူရှရှူးယင်းကို ကောင်မလေးအနေနဲ့ ဟန်ဆောင်ခိုင်းစေခဲ့ပါတယ်။
ဒီလိုနဲ့ သူ့အမြွှာအစ်မလိုဟန်ဆောင်နေတဲ့ အတွင်းရေးမှူးရှရှူးယင်းတစ်ယောက်က ဒါရိုက်တာနဲ့ အနေနီးလာပြီး
ရှူးယင်းဟာ အစ်မဖြစ်သူရှူးယာလိုမဟုတ်ပဲ ရိုးသားကြင်နာတက်တာကြောင့် လုရွှင်ကျိုးကလည်း တဖြေးဖြေးခံစားချက်တွေစရှိလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကိုကွဲကွာအောင် အနှောက်အယှက်တွေမျိုးစုံပေါ်ပေါက်လာခဲ့ပြီး နှစ်ယောက်အတူဘယ်လိုမျိုး တိုက်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်လိုက်ကြရအောင်။

Watch ချစ်ခြင်းနဲ့လျှို့ဝှက်ချက်

Comment

Leave a Reply

Your email address will not be published. Required fields are marked *