Episode တွေနှိပ်လို့မရပါက ဒီခလုပ်လေးနှိပ်ပေးပါ
ဒီဇာတ်လမ်းလေးကတော့ ဇာတ်အိမ်ကောင်းပြီး မင်းသား မင်းသမီး strong ဖြစ်တဲ့ type မျိုးကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် တကယ်အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအစမှာတော့ ရှာ့နူအန်ဟာ သူ့ရဲ့ ကျောက်ကပ်မကောင်းတဲ့ အမေတူအဖေကွဲ ညီမလေးအတွက် ကျောက်ကပ်အစားထိုးပေးမယ့်လူရှာရင်း နိုင်ငံခြား မြေအောက်လောကက လက်ဝှေ့ကျော် ကျုံးရှင်းယန်က ကိုက်ညီကြောင်းတွေ့ပြီး ငွေပေးခေါ်ပါတော့တယ်။ ဒါပေမယ့် သူ့ညီမဆီက အမွေတွေလိုချင်တာကြောင့် အစ်မဖြစ်သူရဲ့ ကျောက်ကပ်ကို သူတစ်ခြမ်းယူရုံတင်မကပဲ ကျန်တဲ့တစ်ခြမ်းကို ခွေးကျွေးပါမယ်ဆိုပြီး သတ်ဖို ကြံစည်ပါတော့တယ်။ ဒါပေမယ့် လက်ဝှေ့သမားကျုံးရှင်းယန် ဝင်ကယ်လို ကျောက်ကပ်တစ်ခြမ်းနဲ့ အသက်ရှင်နိုင်သွားတဲ့ ရှာ့နူအန်ဟာ ကျုံးရှင်းယန်ကို သူ့သက်တော်စောင့်အဖြစ်ခန့်ပြီး လက်စားချေဖို ကြံပါတော့တယ်။ ကျေးဇူးကန်းတဲ့ညီမနဲ့ ပထွေးကို ဘယ်လို lesson တွေပေးမလဲဆိုတာရယ်၊ ဇာတ်လမ်းက လှည့်ကွက်လေးတွေပါတာကြောင့် ရိုးမသွားပဲ အသည်းတယားယားကြည့်ရမှာဖြစ်ပြီး သက်တော်စောင့်လေး ကျုံးရှင်းယန်ရဲ့ တုန်နေအောင်ချစ်တတ်မှုကြီးကိုလည်း ခံစားရမှာဖြစ်လို ဒီလို လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။